" ဆွီဒင်နိုင်ငံ အတွင်း မြန်မာဘုန်းကြီးကျောင်း တည်ဆောက်ရန် အတွက် မြန်မာနိုင်ငံသားများဆိုင်ရာ ဗုဒွ့ဘာသာအဖွဲ့(ဆွီဒင်နိုင်ငံ) သို့ အလှူငွေများ ထည့်သွင်းလှူဒါန်းနိုင်ပါကြောင်း"

အဖွဲ့အစည်းအကြောင်း | ဓမ္မရသများ| အလှူရှင်းများစာရင်း | လှုပ်ရှားမှုများ | အစည်းအဝေးမှတ်တမ်း | ဆက်သွယ်ရန်
Mahasi| Mogok| eDhamma| Kyar Ni kan | Dhammaweb | Shwe parami | BBA| Burmese monks | QBBA | Tricycle | Penang sayardaw | Sharingtofrds

 

 

"ရောဂါကုစား စိတ်စွမ်းအား" တရားတော်

စင်္ကာပူနိုင်ငံ "တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်း" တွင် "ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာ" - "သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မ တက္ကသိုလ်၊ အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်" တို့၏ ပါမောက္ခချုပ် - ဟောကြားတော်မူသော "ရောဂါကုစား စိတ်စွမ်းအား" တရားတော်ကို ရပ်ဝေးရပ်နီးမှ ညီအကို မောင်နှမများ၊ တရားပွဲကို ရောက်မလာနိုင် ခဲ့ကြတဲ့ ညီအကို မောင်နှမများနဲ့ တရားတော်များကို နာယူလိုတဲ့ ဆန္ဒရှိတဲ့သူများ အားလုံးတို့ အတွက် "နှစ်သစ်ကူးလက်ဆောင်မွန်" အဖြစ် မျှဝေ ပေးလိုက်ပါတယ်။



ခန္ဓာရလာတာနဲ့ ရောဂါ/ဝေဒနာ/ဒုက္ခ ရလာတာပဲ။ မြတ်စွာဘုရားက ခန္ဓာ ရတယ်ဆိုတာ ရောဂါရလာတာပဲလို့ ဟောကြားတော်မူခဲ့တယ်။
ဘ၀ကို အမှန်အတိုင်း မမြင်ရင် - ဘ၀ကိုတွယ်တာတယ်၊ ကောင်းတယ် ထင်လို့ ရချင်တယ်။ ခန္ဓာရဲ့ သဘာဝ ကို အမှန်အတိုင်း သိသွားရင် ဒုက္ခတွေ၊ ရောဂါတွေ ရလာတတယ် - ဆိုတာ သိလာမယ်။
ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာ၊ အဆင်မပြေတာမှန်သမျှကို "ရောဂ" လို့ခေါ်တယ်။ "လျောင်း၊ ထိုင်၊ ရပ်၊ သွား" ဆိုတဲ့ အနေအထိုင်လေးမျိုးကို အဆင်ပြေသလို ပြောင်းနေလို့ မသိသာသော်လည်း၊ ပုံစံတစ်မျိုးတည်းကို အကြာကြီးနေကြည့်ရင် သိသာလာလိမ့်မယ်။

လူတွေမှာ ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း (ဂ) မျိုးရှိတယ် -

  1. သည်းခြေ (အစာချေဖို့ လိုအပ်တဲ့ အစာချေရည်များ)

  2. သလိပ် (ခန္ဓာကိုယ်က အနံ့ဆိုးတွေ လည်ချောင်းကနေ အပြင်ပြန်ထွက်မလာအောင် တားဆီး ပေးထားတာ၊ ဥပမာပြောရရင် Toliet ထဲမှာ ရေခံထားတဲ့အတွက် အိမ်သာ တွင်းထဲက အနံ့ဆိုးတွေ အပြင်ပြန်မတက်လာ နိုင်သလိုမျိုး)

  3. လေ (လေ ၆ မျိုးရှိတယ်၊ ရှုနေတဲ့လေ၊ သွေးထဲကလေ၊ အူထဲကလေ၊ အစာအိမ်ထဲကလေ၊ အကြောထဲကလေ၊ -- (ကျန်တဲ့တစ်မျိုးကို မှတ်ဖို့ မမှီလိုက်ပါ)) ဒီလေ ဖောက်ပြန်လာရင် လည်း ရောဂါဖြစ်တယ်

  4. အထက်မှာ ဖော်ပြထားတဲ့ သည်းခြေ၊ သလိပ်၊ လေ သုံးမျိုးရောပြီး ဖြစ်စေ၊ နှစ်မျိုး ရောပြီးဖြစ်စေ ဖောက်ပြန်လာတဲ့ အခါ။

  5. ဥတု - ဖောက်ပြန်၊ အပူအအေး လွန်ကဲတဲ့ အခါ

  6. အနေအထိုင်/အစားအသောက် - မဆင်ခြင်တဲ့ အခါ

  7. မိမိကြောင့်ဖြစ်စေ၊ တခြားသူကြောင့်ဖြစ်စေ ထိခိုက်နာကျင် တဲ့အခါ

  8. ကံအကျိုးပေးကြောင့် ဖြစ်တဲ့ ရောဂါ

ဖြစ်လာတဲ့ ရောဂါရဲ့ အကြောင်းရင်းကို မူတည်ပြီး ကံ၊ဥတု - စသည်တို့ကို ပြင်ပေးရင် ရောဂါ သက်သာရာ ရနိုင်တယ်။
ရောဂါတွေ အားလုံးမှာ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေက အများဆုံး ဖြစ်တယ်။ တွေးပြီးပူတဲ့ အပူတွေက လေ/သည်းခြေကို ပြောင်းလဲစေတယ်၊ အေးချမ်းနေတဲ့ နှလုံးသားကို ပူလောင် စေတယ်။
ကိုယ်ရောဂါ၊ စိတ်ရောဂါ နှစ်မျိုးမှာ ဘုရား၊ ရဟန္တာတွေတောင် ကိုယ်ရောဂါနဲ့ မကင်းနိုင်ကြဘူး။ ဘုရား၊ ရဟန္တာတွေမှာ စိတ်ရောဂါမရဘူး။ လူတွေမှာ စိတ်ကြောင့်ရောဂါဖြစ်လာပြီဆိုရင် စိတ်နဲ့ပြန်ကုမှ အဆင်ပြေမယ်။ စိတ်ရောဂါ တစ်ကယ်ပျောက်ဖို့ ဗုဒ္ဓရဲ့ နည်းလမ်းကို လိုက်နာ ကျင့်သုံးမှ ရမယ်။

ရုပ်ခန္ဓာကိုယ်ရလာတာနဲ့ ကျန်းမာတယ်လို့ ပြောလို့ မရတော့ဘူး၊ အမြဲတမ်းရောဂါဖြစ်နေတယ်။ ဒါသဘာဝပဲ။ ကိုယ်မကျန်းမာသော်လည်း စိတ်ကျန်းမာနေအောင် ကြိုးစားနေထိုင်မယ်၊ စိတ်မှာ အနာတရ မရအောင်၊ စိတ်ရောဂါ မရအောင် နေထိုင်နိုင်ဖို့ ပိုအရေးကြီးတယ် လို့ ဘုရားက ဟောခဲ့တယ်။
Meditation ဆိုတာ စိတ်ရောဂါ မရအောင် ကျင့်တာပဲ။

အတော်အသင့် ကျန်းမာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရုပ်ခန္ဓာမှာဖြစ်လာတဲ့ တော်တန်ရုံ ရောဂါတွေကို သက်သာစေနိုင်တယ်။ ရောဂါတစ်ခု ဖြစ်လာတယ်ဆိုတာနဲ့ စိတ်ကို ကူးစက်သွား တတ်တယ်။ ဒီလို ရုပ်ခန္ဓာရောဂါရလာတဲ့အခါ စိတ်ကိုမကူးစက်အောင်၊ စိတ်မှာ ရောဂါမရအောင် ကုစားတဲ့နည်းဟာ Meditation ပဲ။
စိတ်မှာ ရောဂါကို ကောင်းအောင်ကုစားနိုင်တဲ့ စွမ်းအားတွေ အများကြီးရှိတယ်။ အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ ဗုဒ္ဓရဲ့ဗောဇ္ဈင်သုတ် တရားတော်ကို နာကြားရတဲ့ အခါမှာ ပီတိသဗ္မောဇ္ဈင်ကို ခံစားရပြီး ဖြစ်လာတဲ့ ပီတိစိတ်က ရောဂါကို ကျန်းမာစေတတ်တဲ့ ရုပ်တွေကို ထုတ်ပေးတဲ့ အတွက် ပြန်လည်ကျန်းမာလာတာပဲ။
စိတ်အသစ်ဖြစ်တိုင်း ကိုယ်မှာ ရုပ်အသစ်တွေကို ဖြစ်စေတယ်၊ ဒေါသစိတ်ဖြစ်ရင် ဒေါသရုပ်တွေ ဖြစ်လာတယ်၊ အဲဒီ ဒေါသရုပ်တွေကြောင့် "မျက်နှာနီလာတာ၊ အသက်ရှုမြန်လာတာ၊ အသံကျယ်လာတာ" တွေဖြစ်လာတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်။
စိတ်အေးချမ်းလာရင်လည်း ဒီလိုပဲ၊ နှလုံးသားလေးက ငြိမ်သက်၊ အေးချမ်းလို့ နေတယ်။ ဒါကို “၀ိပဿနာ အကျင့်” နဲ့ ရရှိနိုင်တယ်။

စိတ်စွမ်းအားတွေ ရှိဖို့ အရေးကြီးတယ်။ စိတ်စွမ်းအားတွေ တက်လာတာနဲ့အမျှ ကျန်းမာစေတတ်တဲ့ ရုပ်တွေတိုးပွားလာတယ်။
ဗောဇ္ဈင် ဆိုတာ "ဗောဓိအင်္ဂ" ဆိုတဲ့ စကားကနေလာတယ်။ “အသိဥာဏ်ရဲ့ စွမ်းအင်တွေ” လို့ အဓိပ္ပါယ်ရတယ်။ ဒါတွေကို မြင့်မားအောင်လုပ်လိုက်တာနဲ့ ကျန်းမာစေတဲ့ ဆဲလ်တွေ တိုးပွားလာ တယ်။
“ပဋာစာရီ” ဟာ သောကကြောင့် အရူးဘ၀ ရောခဲ့ရတယ်။ “လင်မြွေကိုက်၊ ကလေးတစ်ယောက်ကို စွန်ချီ၊ ကလေးတစ်ယောက်က ရေမျော၊ မိဘနှစ်ပါးနဲ့ မောင်ငယ်က အိမ်ပြိုလို့ သေဆုံး” တဲ့ အဖြစ်အပျက်တွေကို ရက်ပိုင်းအတွင်း မချိမဆန့်ကြုံတွေ့လိုက်ရတဲ့ “ပဋာစာရီ” ကြုံတွေ့လိုက်ရတဲ့ အပူမီးက ကြီးမားလွန်းတဲ့ အတွက် အရူးဘ၀ ရောက်ခဲ့ရရှာတယ်။
မြတ်ဗုဒ္ဓနဲ့ တွေ့တဲ့ အချိန်မှာ ကိုယ်မှာ အ၀တ်မရှိတာတောင် မသိလောက်အောင် ရူးနေရှာပြီ။ မြတ်ဗုဒ္ဓက ပဋာစာရီကို “သတ္တ၀ါတစ်ခု၊ ဘ၀တစ်ခု အဆုံးသတ်ဖို့ သေရတဲ့ အချိန်မှာ အဲဒီသူ သေတာကို ကျန်နေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကယ်တင်နိုင်ဖို့ မရှိဘူး၊ ဒီသဘောကို နားလည်ပါ၊ ဖြစ်ခဲ့တာတွေကို စဉ်းစားမနေပါနဲ့တော့၊ ဘ၀ရဲ့ သဘာဝအမှန်ကို နားလည်ပါ” စသည်ဖြင့် တရားဟောတော်မူတယ်။
မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြားလိုက်ရချိန်မှာပဲ ပဋာစာရီဟာ အသိပြန်ဝင်လာတယ်။ စိတ်ကြောင့်ရူးတယ် စိတ်နဲ့ပဲ ပြန်ကောင်းလာတယ်။

အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ “သီလ - ကိုယ်ကျင့်တရား” ကို အားကိုးပါ။ ကိုယ်ကျင့်တရားကောင်းအောင်လုပ်ပြီး “နိဗ္ဗာန်” ကို တက်လှမ်းပါ။
လူတွေဟာ ဒုက္ခရောက်လာတဲ့ အခါမှာ စဉ်းစားဥာဏ်မရှိတော့ဘူး။ လောကကြီးဟာ ဒုက္ခ အစုအဝေးကြီးပါပဲ။ ဘ၀ဆိုတာ ဒီလိုပဲ ဒုက္ခတွေချည်းပဲဖြစ်တဲ့ အတွက် ဒီသဘာဝကို စိတ်ပျက်၊ ကြောက်ရွံ့စရာ မလိုဘူး။ ကိုယ်ကျင့်တရား မကောင်းတဲ့သူ မကောင်းတာတွေ လုပ်နေတဲ့သူဟာ တခြားဘယ်သူမှ မသိဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုတော့ အသိဆုံးပါပဲ။
လူတွေ သေကြတဲ့အခါ -
- တချို့က ပြုံးပြီးသေကြတယ် ...
- တချို့က အော်ဟစ်ပြီး သေတယ် ...
- တချို့က ရုန်းကန်ပြီး သေတယ် ...
- တချို့က ဝေဒနာကို ပြင်းပြင်းထန်ထန် နာကျင်ခံစားရပြီး သေတယ် ...
ဘ၀ တစ်လျောက်လုံး ကိုယ်ကျင့်သုံးလာခဲ့တဲ့ ကိုယ်ကျင့်တရားက သေခါနီး အချိန်မှာ ပြန်ပေါ်လာတယ်။

ကိုယ်ကျင့်သီလ ကောင်းလာတဲ့ အခါမှာ ဒေါသမဖြစ်အောင် နေနိုင်လာတယ်။ ဒေါသဖြစ်/ စိတ်ဆိုး လာပြီ ဆိုရင်လည်း ချက်ချင်းသိပြီး ဖယ်ရှားနိုင်လာတယ်။
ထို့အတူပဲ ကိုယ်ကျင့်သီလ ကောင်းလာတဲ့သူဟာ ကောင်းတဲ့စိတ်ဖြစ်အောင်လည်း အမြဲ လုပ်နေတယ်။ ဖြစ်လာတဲ့ ကောင်းတဲ့စိတ်ကိုလည်း တိုးပွားအောင် အမြဲတမ်း ကြိုးစားနေထိုင်တယ်။
ဒီလိုနေမှ ဘ၀ကောင်းလာမယ်၊ စိတ်စွမ်းအားတွေ ကောင်းလာမယ်။ ဒါကို Right Effort “မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု” လို့ခေါ်တယ်။ “မှန်ကန်တဲ့ သတိ” Right Mindfulness အမြဲရှိပြီး ကိုယ်နဲ့ မကွာ ထိန်းသိမ်းထားနိုင်ရမယ်။
(နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့) ကောင်းတဲ့ အာရုံ တစ်ခုခုမှာ စိတ်လေးက ငြိမ်သက်အောင် နေနိုင်တဲ့ အခါမှာ Right Concentration “မှန်ကန်တဲ့ စူးစိုက်မှု” ဖြစ်ပေါ်လာတယ်။ စိတ်ရောဂါကင်းလာတာနဲ့ အမျှ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပူပန်မှုဆိုတာလည်း မရှိတော့ဘူး။

လူတွေက ကိုယ်ရောဂါကိုပဲ အဓိက ကုစားနေကြတယ် ...
လောဘ၊ ဒေါသ၊ မောဟ တွေက နှလုံးသားကို ပူလောင်ချင်တိုင်း ပူလောင်နေစေတာကို မသိကြဘူး၊ ကုလည်း မကုစားကြဘူး ...
မဂ္ဂင်ရှစ်ပါး စိတ်စွမ်းအားကို မြှင့်တင်မှ စိတ်အေးချမ်းမှာ၊ နှလုံးသားမှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အတွက် “၀ိပဿနာ အကျင့်” မဂ္ဂင်ရှစ်ပါးကို ထူထောင်ပြီး ဘ၀သံသရာမှ လွတ်မြောက်အောင်၊ စိတ်မှာ ခွန်အားတွေရှိအောင် ကြိုးစားနေထိုင် လေ့ကျင့်သွားနိုင်ကြပါစေ ...

 

 

လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊

သံဝေဂလင်္ကာ သင်... သေသွားသော်

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။


တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။

ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊သေအောင်မြှိုက် တော့သည်။

မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။

ဪ.....လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေရဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင်...ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
ဇော်ဂျီ (၁၉၃၅)

   

အပါယ်ပိတ် တရား

ဝိပဿနာအဓိပ္ပါယ်နှင့် ဘာကြောင့်အားထုတ်သင့်သလဲ?

ယနေ့ခေတ်တွင် ၀ိပဿနာ ရှုမှတ်ခြင်းကို ခက်ခဲသည်ဟု ပြောဆိုနေကြခြင်းမှာ လုံးဝမှားယွင်း လှပေသည်။ ပြသသော တရားပြဆရာပုဂ္ဂိုလ်အပေါ်မူ တည်ပြီး တစ်ထိုင်တည်းနှင့်လည်း အပါယ် တံခါး ပိတ်နိုင်ပါသည်။ သို့သော် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ရန်မှာ ဆရာကောင်း လိုအပ် သည့်အပြင် မိမိ၏ ပါရမီ၊ အနုအရင့်နှင့် ကြိုးစားမှုအပေါ် မူတည်ပေသည်။ ၀ိပဿနာ ဆိုရာတွင် "၀ိ"သည် များပြားလှစွာသော သတိပဌာန်လေးပါးတို့ဖြင့် "ပဿနာ"သည် ဉာဏ်ဖြင့် ရုပ်၊ နာမ်တို့အား ရှုမှတ်ခြင်းဟု အဓိပ္ပါယ်ရသည်။

***ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) ***

 

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။ ကျမ်းဂန်စကားနဲ့ ပြောရင် သရဏဂုံ တည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ် ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ် ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။ ‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ ခေါ်တယ်။

၃၁-ဘုံ

ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသား ဖေါ်ပြရခြင်း ဖြစ်ပါသည်။


ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ

ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင် တော်မြတ် ဟောပြော ဆုံးမတော် မူအပ်သော ဗုဒ္ဓ၏ အဆုံးအမ စကားတော် ဟူသမျှသည် ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ၄င်းကို အင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s Teaching ဟုဆိုသည်.. ဗုဒ္ဓဘာသာ၏ အနက် အဓိပ္ပါယ်ကို နားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင် ဆိုသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကိုလည်း နားလည်ထား သင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီ သော ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသက ဆိုသော ဝေါဟာရပင် ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာ ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ်သူဟု ဆိုသည်….

ဗုဒ္ဓဘာသာဝင် သမိုင်းတွင် ပထမဆုံး ဥပါသကများ ဖြစ်ကြတဲ့ တပုဿနှင့် ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင် တိုင်း သိမယ်လို့ ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ် အခါက သံဃာဟူ၍ မရှိသေး သဖြင့် ဗုဒ္ဓနှင့် ဓမ္မကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ဟု လျှောက်ထားပြီး ရတနာ နှစ်ပါး အပေါ် သရဏဂုံ ဆောက် တည် ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏ တပည့်တော် ရဟန်း သံဃာများ ပေါ်ပေါက်လာချိန် တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ် သုံးပါးကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီး သူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်။ ဒီလောက်ဆိုရင် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို သေချာ နားလည် သဘောပေါက် လောက်ပါပြီ…

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်

ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင် ဆိုတဲ့ စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်ကို သိစေချင်တဲ့ စေတနာနဲ့ ပြန်လည် ရေးသား ဖော်ပြခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာ စိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း ဖော်ပြ လိုက်ပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက် ကြောင့်ပင် ဖြစ်၏ ။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော် ဘုရားကြီးက……
အိုလူများတို့ ၊ ဘုရားအရှင်နှင့် ကိုယ်တိုင် မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေ အများကြီး ရှိသေး၏။ ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည် ဟူ၍သာ အေးစက်စက် နေကြလျှင် အများကြီး နစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ ဆရာကောင်း နှင့် တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကို မေးရန် မလိုပါ ။ ရှင်ဘုရင်သား ဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့ မလိုပါ ။ မုတ်ဆိတ် ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်ရန် မလို ၊ ရန်သူ ၀ိုင်းထားခံရသူသည် ထွက်ပေါက် သိလျက်နဲ့ မထွက် သော် ၊ ကံပါရမီ ချဖွယ်မလို ၊ အညစ်အကြေး လူးသူသည် ရေစင်ရှိလျက် မဆေးသော် ရေ၌အပြစ် ဆိုဖွယ်ရာမလို ၊ မိမိ ကသာ ဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေ နည်းသေး တယ် လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရား အားထုတ်ကြ ပါကုန်လော့ ။
ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရ ကြောင်းလမ်းဖြစ်သည့် ၀ိပဿနာ တရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ ပါသည်။ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာ သော လူ့ဘ၀မှ အနှစ်သာရ ထုတ်ခြင်း တစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀ တန်ဖိုး ၊ ဗုဒ္ဓဘာသာ ဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ် ပါသည် ။

ဓမ္မဒါနပြုသည် - ဟိန်း

 
လူချင်းတူပါလျှက် ဘာ့ကြောင့် ကွဲပြားရ သနည်း ကယ်တင်သူနှင့် နစ်မြုပ်သူ...(ဗုဒ္ဓ၏ဥပမာတစ်ထောင်)
■ ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) အရေးကြီးသည့် အသိဉာဏ်များ...
■ သရဏဂုံအကြောင်း ၃၁ - ဘုံ
ဗုဒ္ဓနည်းကျ ရှင်ပြုပွဲ အပါယ်ပိတ် တရား
ဤမျှလောက်သောစည်းစိမ်သည် လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ
■ ဗုဒ္ဓဘာသာဝင်တိုင်း အတွက် ■ တရားကိုမြင်က ဘုရားဖူးပြီးသား ဖြစ်သည်
 
 
ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု… စိတ်အားဖြည့် စကားစုလေးများ (၁၀)…
ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး… ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လို ပါရမီတွေ ဖြည့်ကျင့်သင့်သလဲ
ကောင်းကျိုးမကောင်းကျိုး စိတ်စေတနာနှင့်ပတ်သတ်၍
အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ တရားရနိုင်သော နည်းလမ်းများ
ကံအကြောင်းနဲ့ပတ်သတ်၍ အမေးအဖြေ ဘုရားရှင်တို့၏ အဆုံးအမ အနှစ်ချုပ်
အလှူ့ရှင်ဂုဏ်ရည် စိတ်သန့်ရှင်းရေး

ကံအကျိုးပေး ကွာခြားပုံ  
 
ဗောဇ္ဈင် ၇-ပါး ရန်ငြိုးဖြေရာ သီလဝိသုဒ ဒု - သ - န - သော…
တရားနှင့်အညီ နေထိုင်ခြင်း… ကုသိုလ်နဲ့ အကုသိုလ်… ကထိန်အကြောင်း ပဋ္ဌာန်းအကြောင်း
သောတာပန် ပြဿနာ ရှင်းတမ်း နိဗ္ဗာန်ဆိုတာ ငါအိုသွာသောအခါ ဗုဒ္ဓတရားတော်နှင့် နိုင်ငံရေး
တောထွက်ရဟန်း… ဘုရားအနေကဇာ တင်တယ် သူသေကောင်နဲ့ သရဏဂုံ ကပ်ပြီးရင် မကိုင်နဲ့
ဝိကာလနဲ့ အချိန် သတ်မှတ်ချက် သံသရာအပြီးတိုင် ဘုရား အဘိဓမ္မာ အခါတော်နေ့
သီတင်းကျွတ်လပြည့်နေ စိတ်သန့်ရှင်းရေး အဝေးအနီး အရေး မကြီး အံ့သြဖွယ် သဒ္ဓါတရား
Steven Kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်
ရဟန်းတော်များ ဆွမ်းခံရခြင်း၏ အကြောင်းအရင်း circle link

http://upload.wikimedia.org/wikipedia/commons/thumb/7/77/Flag_of_Buddhism.svg/125px-Flag_of_Buddhism.svg.png

အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်းဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။
မေတ္တာသုတ်
နိုင်ငံတကာစံတော်ချိန် ကြည့်ရန်
ရွှေတိဂုံစေတီတော်မြတ်ကြီး
သီလက နောက်တန်းမှာ အင်အားမွေးစေ၊ သမာဓိက အမာခံနယ်မြေကို တည်ဆောက် စေ၊ ပညာက ကိလေသာဗိုလ်ချုပ်(၁၀)ဦးကို ထိုးစစ်ဆင်တိုက်စေပေါ့။ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က သုံးပါး (သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ)၊ သမာဓိမဂ္ဂင်က သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ ပညာမဂ္ဂင်က နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ)ပေါ့။ မဂ္ဂင်ကူးတို့ဖြင့် နိဗ္ဗာန်ကူးကြစို့။
 
The 5th Tipitaka Chanting Ceremony, Bodhgaya
 
ပန်းအိဖြူ-ဗောဓိပင်နှင့်ရွှေပလ္လင်
 
ထူးအိမ်သင် - မဟာဝီရ အို..ဗုဒ္ဓ
 
shwedagon pagoda
 
မြဝတီရုပ်မြင်သံကြား မှ ကူညီပြုပြင် ပေးခဲ့သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပန မှတ်တမ်း
မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဈာပနမှတ်တမ်း
 
ဗုဒွ့မြတ်စွာဘုရားရဲ့ ဘ၀ဖြစ်စဉ်တဲ့
 

အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)၏ တစ်ဘ၀စာ အပ္ပါယ်တံခါးပိတ် ၇ရက်တရားတော်များ

001-AshinArdeiksayanthi

002-AshinArdeiksayanthi

003-AshinArdeiksayanthi

004-AshinArdeiksayanthi

005-AshinArdeiksayanthi

006-AshinArdeiksayanthi

007-AshinArdeiksayanthi

BBF' Download Files
အဖွဲ့ဝင်သစ် လျှောက်လွာပုံစံ
အဖွဲ့ဝင်များလက်ခံရခြင်းရည်ရွယ်ချက်
BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊
Burmese Buddhist Föreningen
Clearing no: 8103-4
Account no: 904 674 260-8
IBAN: SE96 8000 0810 3490 4674 2608
Swift Code: SWEDSESS
free counters

သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး

“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”

 

တိပိဋက-ယောဆရာတော်

တိပိဋက-ယောဆရာတော်

သူတော်ကောင်းအဓိပ္ပါယ်

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။

 

အရှင်ဥာဏောဘာသ

ဝိပဿနာ မြတ်တရားများ

၁။ ပင့်ကူနေနည်းပမာမှီး

၂။ ဇာနတော+ပသတော

၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း

၎။ နှလုံးသွင်းမှန်ရန်

၅။ ခန္ဓာ နှစ်မျိုးရှင်း

၆။ သင်္ခါရလောက

၇။ သတိပဋ္ဌာန်မှဘာဝနာကူးပါ

၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ

၉။ ဒုက္ခ သုံးမျိုး

၁၀။ ဓါတ် ၆ ပါးကမ္မဋ္ဌာန်း

၁၁။ သုညတ သဘာဝမြင်မှ

၁၂။ အရှင်ဝက္ကလိရဟန်းအား

၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား

၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ

၁၅။ ဝေဒနာအတု အစစ်ခွဲ

၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ

၁၇။ မဂ် (၂)မျိုးခွဲ

၁၈။ အရှုံးထဲမှအမြတ်ရ

၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး

၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင

 

ကြာနီကန်ဆရာတော်၏တရားများ

သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်

လူလားခွေးလား ဆိုတဲ့တရားတော်

သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်

ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်

မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်

လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်

အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်

 

 

Total Visitor since 2008 StatCounter - Free Web Tracker and Counter
 

 

ကရင်ရိုးရာ ဒုံးယိမ်းအက

ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ

 

 

 

 

မွန်ရိုးရာ အက

ကချင်ရိုးရာ အက

 

ရုပ်ရှင်/ သီချင်းများ
Myanmar World
Shwe Dream
Than Zin Hine
Shwevideos
Minthihla
Movie-on-demand
Burmese Classic
I-Film Fest
Shwe O
ခရမ်းပြာအိမ်မက်
freemyanmarvcd
မြန်မာ magazine
Popular Myanmar
Planet
People Magazine
Myanmar Time
Innwa
Market Journal
Shwe Amyu Tay
Thuriya
Weekly Eleven
 
သတင်း မီဒီယာများ
ဒီမိုကရက်တစ်မြန်မာ့အသံ
လွတ်လပ်တဲ့အာရှအသံ
ဗွီအိုအေ
ခေတ်ပြိုင် ဂျာနယ်
Mizzima မြန်မာသတင်းဌာန
ပေါပြူလာမြန်မာသတင်းများ
ဘီဘီစီ (မြန်မာ)
ယနေ့မြန်မာ-burmatoday
လူထုအသံ online journal
ဧရာဝတီ Irrawaddy
မြန်မာဘလော့ဂ်များ
ငယ်နိုင်Nge Naing
မိုးမခ Moemaka
ဝိမုတ္တိသုခ Vimuttisukha
အန်ဒါမန်ဟီးရိုး
မြန်မာစကားဝိုင်း
မြန်မာဟီးရိုး
Lanka-MSMA
တောင်ငူသား Taungoo
အာဇာနည် Arzarni
ထွန်းလှိုင် Htun Hlaing
ဆရာတော်ပေါင်းစုံတို့ရဲ့ တရားတော်များ

ပြီးပြည်စုံသော သာသနာ တရားတောအပိုင်း-၁

အပိုင်း-၂
ထေရ၀ါဒ အနှစ်သာရများ တရားတော် အပိုင်း-၁
အပိုင်း -၂
ဓမ္မဒါန အလှူရှင် (မောင်လင်းနိုင်ဦး နှင့် မ၀င်းဝင်းဌေး) ဘန်ကောက်မြို့

ဆရာတော် ဦးသုမင်္ဂလာ ရဲ့ တရားတော်များ

ရွှေပြည်အေးတရားတော်
တာဝန်သိ တရားတော်
Sweden- Karen Dictionary

မြန်မာအဘိဓာန်များ

SFI-Länkar-Sajter

ကိုစိုးမင်းရဲ့မြန်မာသုံးအဘိဓာန်

မြန်မာစာလုံးလှလှလေး လိုချင်ရင်

မြန်မာ-အင်္ဂလိပ

Online Dictionary

Myanmar-English Dictionary

Språkrådet

မြန်မာဝတ္ထုပေါင်းစုံ ဖတ်လိုသူများသို့

Photobucket

Organization name & register number   Burmese Buddhist Föreningen
Organization Number: 802441-5765
BBF Address   Rönningsgatan 23A, 81334 Hofors
BBF Bank account number   Swedbank
Konto number :904 674 260-8
Clearing number:8103-4
BBF International Bank account   IBAN: SE96 8000 0810 3490 4674 2608
BIC: SWEDSESS

About Us|committee | Contact Us | BBF Member Aim| BBF Member Form | BBF' working Plan |Donate to BBF| Donation List | Activities ©2010 BBFSE.ORG WEBDESIGN JZ


free counter